MYANMAR AMERICAN SCIENCE & TECHNOLOGY ALUMNI ASSOCIATION (MASTAA)

မြန်မာ အမေရိကန် သိပ္ပံ နှင့် နည်းပညာ ကျောင်းသူ ကျောင်းသားဟောင်းများအသင်း

ဤအသင်းဖြစ်ပေါ်လာခြင်း၏ အဓိက အကြောင်းရင်းကို ပြောရလျှင် တက္ကသိုလ်များ ကွန်ပျူတာ စင်တာ စတင် ထူထောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ထောင်ရွက်ခဲ့သူ ဆရာ ဦးစိုးပိုင် နှစ်စဥ် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ လာရောက်လည်ပတ်ပြီး တက္ကသိုလ်များ ကွန်ပျူတာဌာနမှ ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် တွေ့ဆုံနှိင်ခြင်း ဟုပြောရပေမည်။  ဆရာလာတိုင်း တက္ကသိုလ်များ ကွန်ပျူတာဌာနမှ ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများ က တွေ့ဆုံ စားသောက်ပွဲများ ဖြင့် ကြိုဆိုကြမြဲ ဖြစ်သလို၊ တွေ့ဆုံ စားသောက်ပွဲတိုင်း နီးပါး မှာ ရန်ကုန် စက်မှု တက္ကသိုလ် နှင့် တက္ကသိုလ်များ ကွန်ပျူတာဌာန ကျောင်းသူ ကျောင်းသားဟောင်းများအသင်း  (RIT-UCC Alumni) ဖွဲ့ကြဖို့ တိုက်တွန်းမြဲ ဆိုတာ တွေ့ဆုံ စားသောက်ပွဲတက်သူတိုင်း သိပြီးဖြစ်ပါသည်။ ဆရာ ဦးစိုးပိုင် လာတိုင်း ရန်ကုန် စက်မှု တက္ကသိုလ် နှင့် တက္ကသိုလ်များ ကွန်ပျူတာ စင်တာ ၏ ကျောင်းသားဟောင်း ဦးစိန်မြင့် ၏နေအိမ်တွင် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် တွေ့ဆုံ စားသောက်ပွဲများ ဖြင့် ကြိုဆိုကြမြဲဖြစ်ပါသည်။

ထို့အတူပင် နောက်အဓိကအကြောင်းရင်းကို ပြောရလျှင် ရန်ကုန်စက်မှုတက္ကသိုလ်ပါမောက္ခချုပ် ဆရာ ဒေါက်တာအောင်ကြီး ၏ နှစ်စဥ် အမေရိကန်နိုင်ငံ သို့ လာရောက်လည်ပတ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် မှ ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် တွေ့ဆုံနှိင်ခြင်း ဟုပြောရပေမည်။ ဆရာ ဒေါက်တာ အောင်ကြီး လာတိုင်း ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ဦးအိုင်ဗန်လီး ၏နေအိမ်တွင် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် တွေ့ဆုံ စားသောက်ပွဲများ ဖြင့် ကြိုဆိုကြမြဲဖြစ်ပါသည်။

အစပိုင်းတွင် အဖွဲ့ နှစ်ဖွဲ့ ဟာ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် တွေ့ဆုံ စားသောက်ပွဲများ ကို သီးခြားစီ ဆောင်ရွက်နေခဲ့ရာ မှ တနှစ်မှာ ဦးအိုင်ဗန်လီး က သူတို့ သူငယ်ချင်းဖြစ်သူ ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသူဟောင်း  ဖြစ်သော မအဲလစ် နှင့် သူမ ခင်ပွန်း လဲဖြစ် ရန်ကုန် စက်မှု တက္ကသိုလ် ၏ ဆရာတဦးလဲဖြစ်သော ဦးစိုးပိုင် တို့အား  ရန်ကုန်စက်မှုတက္ကသိုလ်ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများနှင့် တွေ့ဆုံ စားသောက်ပွဲ သို့ဖိတ်ကြား လိုက်ရာ၊ နှစ်ဖွဲ့ ပေါင်းမိသွားပါတော့သည်။

အဲဒိနှစ်ကစပြီး တက္ကသိုလ်များ ကွန်ပျူတာဌာနမှ ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများ နှင့် ရန်ကုန်စက်မှုတက္ကသိုလ် မှ ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားဟောင်းများ နှစ်စဥ် ဦးအိုင်ဗန်လီး ၏နေအိမ်တွင် ပူးပေါင်းဆောင်ရွက် လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်  တွေ့ဆုံ စားသောက်ပွဲ ၌ ရန်ကုန် စက်မှု တက္ကသိုလ် နှင့် တက္ကသိုလ်များ ကွန်ပျူတာဌာန ကျောင်းသူ ကျောင်းသားဟောင်းများအသင်း (RIT-UCC Alumni) ဖွဲ့ သင့်၊ မဖွဲ့သင့် မဲခွဲဆုံးဖြတ်ခဲ့ပါသည်။  အသင်းဖွဲ့သင့်ကြောင်း ဆုံးဖြတ်ပြီး တချိန်ထဲမှာပဲ အစည်းအဝေးတက်ရောက်လာသူ များမှ အသင်းဖြစ်မြောက်ရေးကော်မတီ ကိုဖွဲ့စည်းခဲ့ပါသည်။

အသင်းဖြစ်မြောက်ရေးကော်မတီဝင် ၇ ဦး၏ ပူပေါင်းဆောင်ရွက်မှု၊ အကြံပေးကော်မတီများ၏ အားပေးဆောင်ရွက်ချက်များကြောင့် မြန်မာ အမေရိကန် သိပ္ပံ နှင့် နည်းပညာ ကျောင်းသူ ကျောင်းသားဟောင်းများအသင်း  (MYANMAR AMERICAN SCIENCE & TECHNOLOGY ALUMNI ASSOCIATION ) ကို အမေရိကန်နိုင်ငံ၊ နယူယောက်မြို့ တွင်၊ Non-Profit Organization အဖြစ် ၂၀၁၉ ဇန္နဝါလ ၁၅ ရက်နေ့တွင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။

2 thoughts on “Brief History of MASTAA

Leave a Reply to Myint Thein Cancel Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>